အင်းတော်မြို့သိမ်းတိုက်ပွဲမှာ လက်နက်မျိုးစုံ ရာနဲ့ချီ သိမ်းမိ... ၁၀၂၇ စစ်ဆင်ရေးအတွင်း ကျဆုံးသူ...

Поделиться
HTML-код
  • Опубликовано: 8 апр 2025
  • အင်းတော်မြို့သိမ်းတိုက်ပွဲမှာ လက်နက်မျိုးစုံ ရာနဲ့ချီ သိမ်းမိ... ၁၀၂၇ စစ်ဆင်ရေးအတွင်း ကျဆုံးသူတွေကို ဂုဏ်ပြု... နောက်ဆုံးရ တိုက်ပွဲသတင်းများ...
    ၉ ဧပြီ ၂၀၂၅
    စစ်ကိုင်းတိုင်း၊ အင်းတော်မြို့သိမ်းတိုက်ပွဲကနေ ဟောင်ဝစ်ဇာ ၂ လက်၊ ၁၂၀ မမ ၂ လက် အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ် ရာနဲ့ချီ သိမ်းဆည်းရမိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
    ဒီမြို့ကို သိမ်းနိုင်ဖို့ ၈ လကျော်ကြာ တိုက်ခဲ့ရပြီး နောက်ဆုံး ကျန်နေတဲ့ ဂျပန်လိုဏ်ဂူစခန်းကနေ တပ်မ ၇၇ တပ်မမှူး ဦးဆောင်တဲ့အဖွဲ့ ဧပြီ ၇ ရက်၊ ည ၉ နာရီခန့်မှာ စခန်းစွန့်ခွာ ထွက်ပြေးသွားချိန်မှာ တမြို့လုံးကို သိမ်းနိုင်ခဲ့တာလို့ ဆိုပါတယ်။
    ဒီလို သိမ်းနိုင်ဖို့ တော်လှန်ရေးတပ်တွေဘက်က လနဲ့ချီ ပိတ်ဆို့ ဖြတ်တောက်ထားတဲ့အတွက် စစ်ကူ မလာရောက်နိုင်ခြင်း၊ မြေပြင်ကနေ လက်နက်ရိက္ခာ ထောက်ပို့ မလုပ်နိုင်တော့ခြင်း၊ ထိခိုက် သေဆုံးမှု များပြားခြင်းတို့ကြောင့် နောက်ဆုံးမှာ တပ်မမှုးနဲ့အဖွဲ့ ထွက်ပြေးသွားရတာလို့ ဖော်ပြပါတယ်။
    ဒီစစ်ဆင်ရေးကို အမှတ် ၁ စစ်ဒေသ ကွပ်ကဲမှုဖြင့် ကသာခရိုင် တပ်ရင်း အမှတ် ၁၊ ၂၊ ၃ နဲ့ ၄ … အမှတ် ၁ အထူးတပ်ရင်း (SR-1) … အမှတ် ၁၀ အထူးတပ်ရင်း (SR-10) … အင်းတော်၊ ဗန်းမောက် နဲ့ ကသာ ‘ပကဖ’ တွေ၊ ပြင်ဦးလွင်ခရိုင် တပ်ရင်း အမှတ် ၅၀၉၊ ၅၁၀ နဲ့ ၅၁၂ … ကျောင်းသားတပ်မတော် (ABSDF) တပ်ရင်း ၁၁ နဲ့ ၁၄ … ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ ၉ က အထူးစစ်ကြောင်း … မိုးညှင်း KPDF … ကလေးခရိုင် အမှတ် ၁၀ တပ်ရင်းနဲ့ ဒေသတွင်းရှိ လက်နက်ကြီးအဖွဲ့တွေ၊ ဒရုန်းအဖွဲ့တွေ ပူးပေါင်းဆောင်ရွက်တာလို့ ဖော်ပြထားပါတယ်။
    ဒေသတွင်း မီဒီယာတွေမှာတော့ အင်းတော် တိုက်ပွဲဟာ စစ်ကောင်စီ တပ်မမှုးအဆင့် ထိုင်တဲ့စခန်းတခုကို PDF တွေ ဦးစီး တိုက်ခိုက် နိုင်တဲ့ ပထမဆုံး တိုက်ပွဲဖြစ်ပြီး ဒီမြို့ဟာ ကချင်၊ စစ် ကိုင်းနဲ့ မန္တလေးတိုင်းရဲ့ ဗျူဟာကျတဲ့ နေရာမှာ ရှိတယ်လို့လည်း ဖော်ပြပါတယ်။
    ဧပြီ ၇ တရက်တည်းမှာပဲ ချင်းပြည်နယ် ဖလမ်း မြို့ကိုလည်း ချင်းညီနောင်အဖွဲ့က သိမ်းပိုက်လိုက်ပြီဖြစ်ပါတယ်။ ဖလမ်းကိုလည်း နိုဝင်ဘာ ၉ ကနေ ဧပြီ ၇ ရက်အထိ ၅ လကျော် တိုက်ခိုက်ခဲ့ရတာဖြစ်ပါတယ်။ တိုက်ပွဲသတင်း အသေးစိပ်ကို မကြာခင် ထုတ်ပြန်မယ်လို့ ချင်းညီနောင်အဖွဲ့က ပြောထားပေမယ့် ဧပြီ ၈ ရက် ညနေပိုင်းအထိတော့ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
    ဒါ့အပြင်...
    မြင်းခြံမြို့ အမှတ် ၁၈ ရပ်ကွက်ရှိ စစ်ကောင်စီတပ် အထိုင်ဂိတ်ကို တော်လှန်ရေးတပ်တွေက အနီးကပ် ဝင်ရောက်ပြီး တိုက်ခိုက်ရာမှာ စစ်သား ၁၄ ဦးသေ၊ ၈ ဦး ဒဏ်ရာရ...
    ၁ဝ၂၇ စစ်ဆင်ရေး အပါအဝင် အထူးဒေသ ၁ တိုက်ပွဲတွေမှာ ကျဆုံးသွားတဲ့ သူရဲကောင်း ရဲဘော်တွေအတွက် အောက်မေ့ဖွယ် ဂုဏ်ပြုခြင်းအခမ်းအနားကို ရန်လုံကျိုင်း သူရဲကောင်းဗိမာန်မှာ ကျင်းပ...
    ရေစကြိုမြို့နယ်၊ မြစ်ချေ၊ ကျွန်းချောင်း လျှပ်စစ်ဓာတ်အားပေးရုံးက တပ်ကြပ်တဦးဟာ MA2 သေနတ် တလက်နဲ့အတူ Southern YSO PDF ထံ ခိုလှုံ...
    တီးတိန် အခြေစိုက် ခလရ ၂၆၉ က အသက် ၂၀ ကျော်အရွယ် စစ်သားသစ် ၂ ဦး လက်တွေနဲ့ အတူ PDF Zoland ထံ ခိုလှုံ...
    ဟားခါးမြို့က ရဲတပ်သား တစ်ဦးဟာလည်း လက်နဲ့အတူ CDF-Hakha ထံ ခိုလှုံလာ...
    ... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
    #BNN သတင်း အင်တာဗျူး youtube ချယ်နယ်
    ⁦ / burmanewsnetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
    Update သတင်း ဗီဒီယိုကလစ်များကို ⁦t.me/burmanews... မှာလည်း ကြည့်ရှုနိုင်ပါသည်။

Комментарии • 18

  • @ManiLa-jj6ic
    @ManiLa-jj6ic 15 минут назад

    သတင်း​ကောင်း❤❤❤❤❤🎉🎉🎉🎉🎉🎉🎉🎉🎉🎉🎉🎉🎉🎉

  • @MoungLatt-x2g
    @MoungLatt-x2g 37 минут назад +1

    ငါလည်း ရောက်ဖူးတဲ့ လုံးတုံရွာရှိတဲ့ အင်းတော်ကြီးလားလို့လိုက်ရှာတာ ၊
    အင်းတော်ကြီး အောက်က အင်းတော်အိုင် အင်းတော်မြို့ဖြစ်နေတယ်။
    နှစ်အင်းတော် ဆိုတာအခုမှသတိထားမိတယ်။😊

  • @khunkyawsai3095
    @khunkyawsai3095 Час назад +1

    မဂ်လာပါBNN

  • @myintsoe4260
    @myintsoe4260 18 минут назад

    Very good 👍👍👍👍👍👍

  • @mayi2933
    @mayi2933 Час назад

    ❤❤❤❤🎉🎉🎉🎉🎉

  • @AungAung-h3g8q
    @AungAung-h3g8q 29 минут назад

    သတိထာၾက​ေနာ

  • @UncleSan-fu2vc
    @UncleSan-fu2vc 28 минут назад

    MMDAA. အဖွဲ့ ကျဆုံးသွားတဲ့သူရဲကောင်းတွေအတွက်ဂုဏ်ပြုပွဲလုပ်ပေးတာနဲ့ လာရှိုးကနေဆုပ်ပေးလိုက်တာဟာ ကျဆုံးသူရဲကောင်းတွေအပေါ်လိပ်ပြာလုံရဲလားလို့မေးခြင်တယ်

  • @kevinnunes7079
    @kevinnunes7079 Час назад

    💪💪💪💪💪💪💪💪💪💪💪💪💪💪

  • @UncleSan-fu2vc
    @UncleSan-fu2vc 33 минуты назад

    BNN. good. 🎉🎉🎉

  • @PyaeSone-qe1nk
    @PyaeSone-qe1nk Час назад

    ပူးပေါင်းတပ်တွေကျမ္မာချမ်းသာကြပါစေ

  • @Hkhdl
    @Hkhdl Час назад

    Kia and pdf 🎉🎉❤️❤️❤️😍😍😍😘😘👌👌👌👏👏👏👍👍👍🫡🫡🫡

  • @ngez88
    @ngez88 Час назад

    👍🏻👍🏻👍🏻👍🏻👍🏻👍🏻👍🏻

  • @fchcutfh
    @fchcutfh Час назад

    ❤❤❤❤❤

  • @sansanyuu9474
    @sansanyuu9474 2 часа назад

    မဂ်လာပ.ကိုနေထူး

  • @TungAug
    @TungAug 2 часа назад +1

    nug ဦးဆောင်လို့ မြို့ကိုသိမ်းနိူင်တာလား သို့မဟုပ် kia ဦးဆောင်လို့သိမ်းတာလား

    • @nayoomaung-v1o
      @nayoomaung-v1o Час назад +1

      ဘယ်သူဘဲသိမ်းသိမ်းစကစတွေtayရင်ကျေနပ်တယ်

  • @UKoKoAung-qe5ji
    @UKoKoAung-qe5ji 43 минуты назад

    တရုတ်နဲ့တိုင်ပြောပြီးပြန်တောင်းမှာတဲ့😂😂😂😂😂

  • @အာကာမိုးထက်ယံ
    @အာကာမိုးထက်ယံ 27 минут назад

    ❤❤❤❤❤❤❤❤❤❤❤❤❤မဂ်လာပါ🎉🎉🎉🎉🎉🎉🎉🎉🎉🎉🎉🎉🎉